အားလုံးမင်္ဂလာပါ။
ERIN Japanese Language Center မှကြိုဆိုပါတယ်။
Admin အမှာစကား
ကျနော်ကတော့ ဒီဘလော့လေးကို ရေးသားခဲ့တဲ့ ဆရာ ဆက်ပိုင်ပါ။
ဒီဘလော့လေးကို ၂ဝ၂၂ ခုနှစ် ၂ လပိုင်း ၂၂ ရက်နေ့ (အင်္ဂါနေ့) မှာ စတင်ရေးသားခဲ့ပါတယ်။
ရည်ရွယ်ချက်
ရည်ရွယ်ချက်ကတော့ ဂျပန်စာလေ့လာနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီများပေးလို့တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ကျောင်းသားတွေ အတွက်မရှိမဖြစ်လိုအပ်တဲ့ စာအုပ်တွေ၊ အသံဖိုင်တွေနဲ့ မေးခွန်းဟောင်းစတာတွေကို တစ်နေရာတည်းမှာ ဒေါင်းလုပ်ဆွဲနိုင်စေဖို့၊ ERIN သင်တန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လွယ်ကူစွာသိရှိစေနိုင်ဖို့၊ ERIN ကျောင်းကို အလွယ်တကူဆက်သွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ERIN ကျောင်းရာဇဝင်
အဲရင်းကျောင်းလေးကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်တို့ရဲ့ တနဘတ ပွဲတော်နေ့ရက်လေးလည်း ဖြစ်ခဲ့ပါတယ်။ အဲရင်းကျောင်းလေးကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံက ဂျပန်စာလေ့လာသူများကို မိမိတတ်မြောက်ထားတဲ့ ဂျပန်စာဖြင့် အကျိုးပြုလိုတဲ့အတွက်ဖြစ်ပါတယ်။ ဂျပန်စာနဲ့ ဂျပန်စကားကို တတ်မြောက်ပြီး ဂျပန်မှာကျောင်းသွားတက်ချင်တဲ့သူတွေ၊ အလုပ်သွားလုပ်ချင်တဲ့သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ အထောက်အကူပေးခဲ့ပါတယ်။ ထူးချွန်တဲ့ ကျောင်းသားများကိုလည်း နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။ အဲရင်းကျောင်းသားတိုင်းဟာ ဂျပန်နိုင်ငံမှာဘယ်နေရာ ဘယ်မြို့ရောက်ရောက် မျက်နှာမငယ်၊ အောက်မကျို့ရပဲ ပွဲလယ်တင့်ခဲ့ပါတယ်။ လက်ရှိလည်း ဂျပန်ရောက် အဲရင်းကျောင်းသားများဟာ မရေမတွက်နိုင်လောက်အောင်ရှိနေပါတယ်။ ဒါကြောင့် အဲရင်းကျောင်းကို စတင်ခဲ့တဲ့ ကျနော်အနေနဲ့ များစွာပျော်ရွှင်ဝမ်းမြောက်မိပါတယ်။
ERIN ကျောင်းမှဖိတ်ခေါ်ပါတယ်။
ဂျပန်သွားဖို့စိတ်ကူးထားရင်၊ ဂျပန်စာကိုသင်ယူဖို့ဆုံးဖြတ်ထားပြီဆိုရင်တော့ အဲရင်းကျောင်းကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဂျပန်စာ၊ ဂျပန်စကားနဲ့ပတ်သက်ပြီး ကိုယ်တိုင်ထူးချွန်ခဲ့ရုံသာမက၊ မိမိကဲ့သို့ ထူးချွန်သောတပည့်များကိုလည်း နှစ်စဉ်မွေးထုတ်ပေးခဲ့သောသမိုင်းသက်သေများစွာ ထူခဲ့ပြီးသော အစဉ်အလာရှိသည့် ကျောင်းဖြစ်တာကြောင့် ဂျပန်စာ၊ ဂျပန်စကားဆိုရင် အဲရင်းကျောင်းကို ယုံကြည်သောခြေလှမ်း၊ မှန်ကန်သော ဆုံးဖြတ်ချက်များဖြင့် လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ မနက်ဖြန်အခွင့်အရေးရဖို့ ၊ အခုသိလိုက်ရတဲ့အချိန်မှာ အဲရင်းကျောင်းကိုအပြေးလာရောက်ပြီး ချက်ချင်းကြိုးစားလိုက်ပါ။ အောင်မြင်မှုပြည့်ဝနေမည့် မနက်ဖြန်တိုင်းဟာ မင်းအတွက်ပါလို့ ပြောကြားလိုက်ပါရစေ။
ဆက်ပိုင် (အဲရင်းဂျပန်စာသင်တန်းကျောင်း)
0 comments: