ဂျပန်စာကို လေ့လာကြမည့် ကျောင်းသားများအတွက် ဟီရဂနစာလုံး(၄၆) လုံးရေးတတ်သွားပြီဆိုရင်တော့ နောက်ထပ် ခတခနစာလုံးတွေကို လေ့လာရမှာဖြစ်ပါတယ်။ နိုင်ငံခြားကလာတဲ့ စာလုံးတွေကို ဂျပန်လိုရေးရင် ခတခနနဲ့ရေးရတာကြောင့် ဒီစာလုံးတွေကိုလည်း အလွတ်ရနေရပါမယ်။ ဒါမှသာ မိမိနာမည်ကို ဂျပန်လိုစာလုံးပေါင်းတဲ့အခါမှာ ပေါင်းတတ်မှာဖြစ်ပါတယ်။ ခတခနစာလုံးလေးတွေက ပိုပြီးရေးရတာလွယ်ကူလှပါတယ်။ သို့သော် ဟီရဂနစာလုံးတွေကို စိတ်ထဲမှာစွဲနေတတ်တာကြောင့် ရောထွေးနေတတ်လေ့ရှိပါတယ်။
အဲရင်းဂျပန်စာသင်တန်းကျောင်း
ဒီ Youtube Video လေးကိုကြည့်ပြီး ခတခနစာလုံးတွေကို လေ့လာရတာ
အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကြိုးစားကြပါနော်။
Katakana လေ့ကျင့်ရန်အတွက် စာရွက်များကို Download ပြုလုပ်နိုင်ပါသည်။
ဆရာ ဆက်ပိုင် (အဲရင်း)
24-2-2022
0 comments: